ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေးနဲ့ပတ်သက်လို့ ဝန်ကြီးတွေကို ဘာပြောခဲ့သလဲ

Thu, 2017-10-12 13:26 -- zaythu

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ထိထိရောက်ရောက် ပေးနိုင်ရေး၊ ပြန်လည်နေရာ နေရာချထားရေးနဲ့  ပြန်လည်ထူ ထောင်ရေးတို့အတွက်  ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ 

သုံးနာရီကြာမြင့်ခဲ့တဲ့  အစည်းအဝေးကို  နေပြည်တော်က (NRPC) မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေး အခြေအနေတွေ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပြည်ထောင်စုဝန်ကြီးတွေက ရှင်းလင်းတင်ပြခဲ့ကြပြီး ရခိုင်ပြည်နယ် ခရီးစဉ်ကိုလည်း အတိုင်ပင်ခံရုံးပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့တယ်လို့ သိရပါတယ်။ ရေရှည်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အနက်က ဦးစားပေးလုပ်ရမယ့် လုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ ရက်နေ စက်တင်ဘာ ၅ ရက်အထိ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွင်း ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ (အောက်တို ဘာ ၁၂ ရက်) ည ၈ နာရီမှာ  ပြည်သူလူထုအား မိန့်ခွန်း ပြောကြားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက 7Day သတင်းစာကို ပြောကြားခဲ့ပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်

Thursday, October 12, 2017