အကြမ်းဖက်မှုတွေရှိနေတဲ့ ရခိုင်ကဒေသတွေမှာ လျှပ်စစ်မီးအတွက် ကျပ် ဘီလီယံ ၃၀ သုံးမယ်

Fri, 2017-10-13 10:01 -- zaythu
အကြမ်းဖက်မှုဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဒေသတွေမှာ လျှပ်စစ်မီးရရှိဖို့ အထူးရန်ပုံငွေ ကျပ်ဘီလီယံသုံးဆယ် အကုန်ကျခံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ လစဉ်ပုံမှန်သ တင်းစာရှင်းလင်းပွဲမှာ ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးရဲတိုးသွင်းက ပြောဆိုလိုက်တာပါ။
 
ဒါ့အပြင် အဆိုပါဒေသမှာ စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပုဏ္ဍားကျွန်းစက်မှုဇုန်ကိုလည်း လျှပ်စစ်မီးပေးနိုင်ဖို့ လာမယ့်တစ်ပတ်အတွင်းမှာ စက်ပစ္စည်းတွေ ပို့ဆောင်သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ လျှပ်စစ်မီးစတင်ဖြန့်ဝေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလက်ရှိ ရသေတောင်မြို့နယ်က ကျေးရွာ ၁၈ ရွာနဲ့ ဘူးသီးတောင်မှာ ကျေးရွာ ၁၂ ရွာနဲ့ မောင်တောမြို့နယ်မှာ ကျေးရွာ ၁၅ ရွာ မီးရရှိုဖို့အတွက် တင်ဒါခေါ်ယူပြီး စတင်ဆောင်ရွက်နေပြီးလို့ သိရပါတယ်။ အဆိုပါသုံးမြို့နယ်မှာရှိတဲ့ ကျေးရွာအားလုံးလျှပ်စစ်မီးရရှိရေးကို သုံးနှစ်အတွင်းအပြီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - မောင်သင်တုန်း
Friday, October 13, 2017