အိမ်ထောင်ရှင်အလှမယ် သရဖူပိုင်ရှင်ဘယ်သူလဲ

Fri, 2017-10-13 10:04 -- zaythu
Mrs Myanmar 2017 အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲကို မနေ့ အောက်တိုဘာ ၁၁ ရက်ညက မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
 
အဲဒီပြိုင်ပွဲမှာ Mrs Myanmar 2017 သရဖူကို အလှမယ် တင့်ရည်မွန်က ရရှိခဲ့ပြီး Junior Mrs Myanmar 2017 ဆုကို အလှမယ် အဲလေး၊ Classic Mrs Myanmar 2017 ဆုကို အလှမယ် မဉ္ဇူသကမိုး၊ Classic Ms Myanmar 2017 ဆုကို အလှမယ် မြင့်မြင့်ခိုင်နဲ့ နောက်တိုးဆုအနေနဲ့ ချီးမြှင့်တဲ့ Miss Weint Sein ဆုကို အလှမယ် Yuki Bhusalတို့က အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။
 
ပြိုင်ပွဲမှာ ဆန်ခါတင်အလှမယ် ၂၈ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ညနေခင်းဝတ်စုံ ၊ မြန်မာဝတ်စုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပါတယ်။
 
အလှမယ်၂၈ ဦးမှ ဆန်ခါတင် ၁၅ ဦး ၊ ဆန်ခါတင် ၁၀ ဦးအဆင့်ဆင့်ရွေးချယ်ခဲ့ပြီးတဲ့နောက် ဆန်ခါတင်ဆယ်ဦး အဆင့်မှာ ဥာဏ်စမ်းမေးခွန်းတွေကို ဒိုင်သူကြီးတွေက မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
 
ပြိုင်ပွဲကို Miss Golden Land Myanmar အဖွဲ့အစည်းက စီစဉ်ကျင်းပတာဖြစ်ပြီး ဒုတိယအကြိမ် မြောက်ကျင်း ပပြုလုပ်ခြင်းဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက်-ဇွဲဥာဏ်
 
Friday, October 13, 2017