ရွှေလင်ဗန်းမှာ ရေဆိုးသန့်စင်စက်ရုံ ကန်ဒေါ်လာ လေးသန်းခွဲအကုန်ကျခံတည်ဆောက်မယ်

Fri, 2017-10-13 10:14 -- zaythu
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်အတွင်းမှာ ရေဆိုးသန့်စင်စက်ရုံတစ်ရုံကို အမေရိကန်ဒေါ်လာ ၄ သန်းခွဲ အကုန်အကျခံ တည်ဆောက်သွားမယ်လို့ သတင်းရရှိပါတယ်။
 
အောက်တိုဘာ ပထမ အပတ်က စက်မှုဇုန်၂၉ ဇုန်က ဥက္ကဌတွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရွှေလင်ဗန်း စက်မှုဇုန်ဥက္ကဌ ဦးအေးသောင်းက ပြောပါတယ်။
 
ရွှေပြည်သာ စက်မှုဇုန် အတွင်းမှာ လုပ်ငန်းပေါင်းစုံပြန့်ကျဲနေပြီး၊ ရေဆိုးထုတ်လုပ်မှု ၊ကမ်မီကယ် ထုတ်လွှတ်မှု ပြုလုပ်တဲ့ စက်ရုံတွေကတော့ နည်းတယ်လို့ သိရပါတယ်။
 
စက်မှုဇုန်တွေ တည်ဆောက်ရာမှာ အခြေခံ အဆောက်အဦ၊ လမ်းပန်း ၊ လျှပ်စစ်မီး ၊ စတာတွေ စနစ်တကျ ပါဝင်တဲ့ ဇုန်တစ်ခု ဖြစ်တာကြောင့်ရော၊ မြေနေရာအလွတ်ကျန်ရှိနေတဲ့ အတွက်ပါ ရေဆိုးသန့်စင် စက်ရုံ တည်ဆောက်ဖို့ အတွက် ၂၉ ဇုန်ထဲကမှ ရွေးချယ်ခံရတာလို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက်- ခင်ဝိုင်းဖြူဖြူ
Friday, October 13, 2017

Top News