ရုပ်ရှင်သက်ကြီးပူဇော်ပွဲနဲ့ နိဗ္ဗာန်ဈေးအလှူ

Fri, 2017-10-13 17:05 -- zaythu

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ (၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်က နှင်းဆီကုန်း ဘိုးဘွား ရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။

(၉၇)ကြိမ်မြောက် မြန်မာရုပ်ရှင်နေ့ (အောက်တိုဘာ၁၃ရက်)မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နယ်ပယ် အသီးသီးက အသက် ၇၀နှစ် အထက် ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ ထုတ်လုပ်သူတွေ၊ တည်းဖြတ်၊ မှတ်တမ်း၊ စက်မှု၊ ကင်မရာပညာရှင်၊ ဓာတ်ပုံပညာရှင်၊ သရုပ်ဆောင်တွေကို ရုပ်ရှင်လောကရဲ့မျိုးဆက်သစ်လူငယ်တွေက ပူဇော်ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။

ထုတ်လုပ်သူတွေ၊ အနုပညာရှင်တွေရဲ့  နိဗ္ဗာန်ဈေးအလှူလည်း သက်ကြီးပူဇော်ပွဲမှာ ကျင်းပခဲ့ပါတယ်။ (၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ သက်ကြီးမိဘတစ်ဦးစီကို နှစ်သိန်းနှစ်သောင်းကျပ်နှုန်းနဲ့ ပူဇော်ကန်တော့ခဲ့ပြီး သက်ကြီးမိဘ ၂၆၂ ဦးကို ကန်တော့ခံ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Friday, October 13, 2017

Top News