-->

စက်မှုလက်မှုသိပ္ပံနဲ့ နည်းပညာကောလိပ်တွေရဲ့ ဝင်ခွင့်လျှောက်လွှာတွေကို ထုတ်ယူနိုင်တော့မယ်

Fri, 2017-10-13 18:27 -- zaythu

အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွေနဲ့ အစိုးရနည်းပညာ ကောလိပ်တွေရဲ့ ဝင်ခွင့်လျှောက်လွှာတွေကို လာမယ့် အောက်တိုဘာ ၁၉ ရက်ကစပြီး သက်ဆိုင်ရာကျောင်းတွေမှာ  ထုတ်ယူလျှောက်ထားနိုင်ပြီဖြစ်တယ်လို့  ပညာရေးဝန်ကြီးဌာနက သတင်းရရှိပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို နိုဝင်ဘာလ ၁၀ ရက် နောက်ဆုံးထားလျှောက်ရမှာဖြစ်ပြီး ဒီဇင်ဘာလမှာတော့  သင်တန်းတွေ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်တွေပါဝင်တဲ့ ဘာသာတွဲနဲ့ အောင်မြင်တဲ့သူတွေက လျှောက်ထားနိုင်ပါတယ်။

ဒါ့အပြင် ဒီပညာသင်နှစ်မှာ ၂၀၀၀ခုနှစ်ကစပြီး သင်တန်းတွေ ရပ်နားထားခဲ့တဲ့ အင်းစိန် ဂျီတီအိုင်ကျောင်းကိုလည်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ကျောင်းပြန်လည်ဖွင့်လှစ်ရေးနဲ့ ပြုပြင်မွမ်းမံရေးကို ပညာရေးဝန်ကြီးဌာနနဲ့ ဂျာမနီက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ   ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အင်းစိန်၊ ရွှေပြည်သာ၊ ပူတာအို၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက် ဆည်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံ ချောင်း၊ သရက်၊ မကွေး၊ လက်ပံ တန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက် လတ်မြို့တို့မှာရှိတဲ့  အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွေနဲ့  မိုးညှင်း၊ မြင်းခြံ၊ ရွှေဘိုမြို့တို့ရှိ အစိုးရ နည်းပညာကောလိပ်တွေမှာ  A.G.T.I သုံးနှစ်သင်တန်းတွေ ဖွင့်လှစ်မှာဖြစ်ပါတယ်။

A.G.T.I သုံးနှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မှာ ဖြစ်ပြီး သတ်မှတ်အရည်အချင်း ကိုက်ညီပါက နည်းပညာတက္ကသိုလ် တတိယနှစ်ကို ပေါင်းကူး တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး 

Friday, October 13, 2017

Top News