သေနတ်တွေမိတဲ့ကိစ္စ နေပြည်တော်တိုင်းရဲမှူး ဘာပြောသလဲ

Mon, 2017-10-16 14:51 -- zaythu

နေပြည်တော်လေဆိပ်နဲ့ ဟိုတယ် ACE မှာ လက်နက်နဲ့ ကျည်ဆန်တွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပက်သက်ပြီး လုံခြုံရေး ဥပဒေ ၊ တရားမဝင် လက်နက်ကိုင်ဆောင်ခြင်း ဥပဒေတွေနဲ့ အရေးယူသွားဖို့ ရှိပြီး အကြောင်းအရာ အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။

မနေ့က အောက်တိုဘာ ၁၅ ရက် ညပိုင်းက နေပြည်တော်လေဆိပ်မှာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အတူပါသူနှစ်ဦးဆီမှာ ပစ္စတိုသေနတ်နှစ်လက်နဲ့ ကျည်ဆန်တွေ ဆက်သွယ်ရေးစက်တွေ တွေ့ရှိခဲ့ပါတယ်။ 

အဲဒီနောက်မှာ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ် ACE ကို ဝင်ရောက်ရှာဖွေရာမှာ နောက်ထပ်သေနတ် ၇ လက်နဲ့ ကျည်ဆန်တွေ ဆက်စပ်ပစ္စည်းတွေကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-မောင်သင်တုန်း

Monday, October 16, 2017