ပြည်ပကိုပို့တဲ့ ဆန်ဈေးနှုန်းက ပြည်တွင်းပေါက်ဈေးထက် နည်းနေလို့ ကုမ္ပဏီတွေ အခက်တွေ့

Mon, 2017-10-16 17:31 -- zaythu

ပြည်ပကို တင်ပို့ဖို့ ဈေးဖွင့်ထားတဲ့ ဆန်ဈေးနှုန်းထက် ပြည်တွင်းဆန် ဈေးနှုန်း ပေါက်ဈေးက ပိုမြင့်နေတာကြောင့်  ဆန် အိပ်စပို့ ကုမ္ပဏီတချို့  ဆန်ဝယ်ယူစုဆောင်းရာမှာ အခက်ကြုံရနေတယ်လို့ သိရပါတယ်။

ပြည်ပကို ဆန်တင်ပို့နိုင်ဖို့ဆိုရင် ဆန်တင်ပို့မယ့် ကုမ္ပဏီနဲ့ တဖက် ၀ယ်ယူမယ့် နိုင်ငံကြားမှာ ဈေးကြိုတင်ဖွင့်ပြီး အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ (စနေနေ့) က ဘုရင့်နောင် ဆန်စပါး ကုန်စည်ဒိုင်ရုံးမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီးနဲ့ ဆန်စပါး လုပ်ငန်ရှင်းတွေ တွေ့ဆုံခဲ့ပြီး လက်ရှိ ဆန်အိတ်စပို့ အခက်အခဲကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆန်တင်ပို့မယ့် သဘောင်္ ခြောက်စီးခန့်ဟာ မြန်မာနိုင်ငံမှာ ဆိုက်ကပ်ထားပြီ ဖြစ်ပြီး ဆန်တင်နိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဆန်ကုန်သည်တစ်ဦးက ဆိုပါတယ်။

အဲ့ဒီသဘောင်္တွေဟာ အာဖရိကနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မယ့် ဆန်တင်သင်္ဘောတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုဆိုရင် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပဆန်တင်ပို့မှု အခြေအနေဟာ စက်တင်ဘာလကုန်အထိဆိုရင် တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားပြီးပြီလို့ ဦးရဲမင်းအောင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Monday, October 16, 2017