ထုတ်လုပ်ရေးအသစ်က ရိုက်ကူးတဲ့ ရုပ်ရှင်ကားလေးကား

Tue, 2017-10-17 18:44 -- zaythu

Triple Six ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးဇာတ်ကားလေးကားကို ဒီကနေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ရသမတူတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးဖို့အတွက် ထုတ်လုပ်ရေးအသစ် တစ်ခုကို တည်ထောင်ခဲ့တာဖြစ်သလို ပွဲဦးထွက်ဇာတ်ကားလေးကားစလုံးကို ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးသွားမှာပါ။

အိမ်ထောင်ရေး ဇာတ်လမ်းဖွဲ့ ရုပ်ရှင်ဖြစ်တဲ့ ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကား၊ ပရိသတ်တွေအတွက် အပျော်တွေပေးမယ့် ယောရောရှိ ရုပ်ရှင်နဲ့ မော်ဒန်ချစ်တီး၊ မြန်မာနိုင်ငံရဲ့ သဘာဝရေမြေတောတောင် အလှတွေကို ဖော်ကြူးမယ့် တို့ပိုင်တဲ့မြေ ရုပ်ရှင် စတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ပွဲဦးထွက်အနေနဲ့ ကြည့်ရှုကြရမှာပါ။

ရုပ်ရှင်ဇာတ်ကားလေးကားထဲကနေ “ဝေးမနေချင်ဘူး” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူး သွားမှာဖြစ်ပြီး တို့ပိုင်တဲ့မြေ ရုပ်ရှင် ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် အနုပညာရှင် အသစ်တွေကို ထည့်သွင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, October 17, 2017