ရင်ဘတ်ထဲက ဓားရဲ့ အထူးပြသပွဲ

Wed, 2017-10-18 14:51 -- zaythu

ရုံမတင်မီကတည်းက ပရိသတ်တွေကြားထဲမှာရေပန်းစားနေခဲ့တဲ့ “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ ဒါရိုက်တာ အကယ်ဒမီဝိုင်းရဲ့ ဖန်တီးမှုတွေနဲ့အတူ အဓိကဇာတ်ဆောင် ၊ ဇာတ်ပို့၊ ဇာတ်ရံတွေရဲ့ကြိုးစားမှုတွေကြောင့်လည်း ဇာတ်ကားနမူနာထွက်ရှိလာကတည်းက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်ရေးဇာတ်လမ်းဖွဲ့ ရုပ်ရှင်ကားဖြစ်ပြီး စာရေးဆရာမ လမင်းမိုမိုရဲ့ ဒုတိယအကြိမ်မြောက်အထိ ပြန်လည်ထုတ်ဝေခံခဲ့ရတဲ့ “အမှောင်ထဲမှာ” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ။

“ရင်ဘတ်ထဲက ဓား”ရုပ်ရှင်ဇာတ်ကားကို လာမယ့် အောက်တိုဘာ ၂၇ရက်နေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ရုံတင်ပြသသွားမှာပါ။ ဒီဇာတ်ကားထဲမှာ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင် အကယ်ဒမီထွန်းအိန္ဒြာဗို၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီခင်မို့မို့အေး နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, October 18, 2017