ကြိုးခုန်မယ်… ဘယ်သူပါမလဲ...

Sat, 2017-10-21 14:06 -- zaythu

အီစွပ်ကြိုးခုန်ကစားနည်းနဲ့မတူပဲ ကြိုးကိုလွှဲပြီး ခုန်ရတဲ့ကစားနည်းလေးကတော့ ကြိုးလွှဲခုန်ကစားနည်းပါပဲ။ ငယ်ငယ်ကတော့ ကြိုးခုန်တမ်းဆော့ကြမယ်ဆို အားလုံးပျော်ပျော်ပါးပါးဆော့ခဲ့ကြတဲ့ အရမ်းပျော်ဖို့ကောင်းတဲ့ကစားနည်းလေးပါ။ 

ဒီကစားနည်းမှာတော့ အဆင့်(၈)ဆင့်ရှိပါတယ်။ စုံခုန်(အသေဝင်)၊ စဲုခုန်(အရှင်ဝင်)၊ ခြေတပေါင်ကျိုးခုန်(အသေဝင်)၊ ခြေတပေါင်ကျိုး(အရှင်ဝင်)၊ ဘေးထိုးခုန်၊ မျက်နှာချင်းဆိုင်ခုန်၊ ကျောကပ်ခုန်၊ အဖွဲ့လိုက်ခုန် (အဖွဲ့ဝင်ရှိသလောက်၊ ကြိုးရှည်သလောက်ခုန်လို့ရပါတယ်)။ ကစားနည်းအသေးစိတ်နဲ့ ဘယ်လိုကစားရမလဲဆိုတာကိုတော့ ရုပ်သံဖိုင်လေးထဲမှာ ရှင်းပြပေးထားပါတယ်။ 

နောက်တပတ်များမှာလည်း ချစ်စရာကောင်းတဲ့မြန်မာ့ရိုးရာ ကစားနည်းတွေကိုဖော်ထုတ် ကစားပြသွားဦးမှာဖြစ်ပါတယ်။

7Day TV က နေ အပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကမြန်မာ့ရိုးရာကစားနည်းလေးတွေကို ပုံဖော်တင်ဆက်တာဖြစ်ပြီးနောက်မျိုးဆက်သစ် ကလးငယ်တွေ ကစားနည်းတွေသိရှိပြီးကစားနိုင်ဖို့ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။  ကစားနည်းတွေဟာနေရာဒေသအလိုက်အခေါ်အဝေါ်ဆော့ကစားပုံချင်းအနည်းငယ်ကွဲပြားမှုတွေရှိတာကြောင့်အသုံးများတဲ့အခေါ်အဝေါ်နဲ့ကစားနည်းပုံစံတွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။

Saturday, October 21, 2017