မြိုင်ကြီးငူ စစ်ရှောင်စခန်းမှာပဲ အိမ်မပြန်နိုင်သေးသူတွေ

Tue, 2017-11-14 11:26 -- zaythu
လွန်ခဲ့တဲ့တစ်နှစ်ကျော်ကကရင်ပြည်နယ်အတွင်းတိုက်ပွဲများဖြစ်ပေါ်မှုကြောင့်ဒေသခံပြည်သူ၅ထောင်ကျော် မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ လာရောက်ပုန်းခိုခဲ့ရတာ အခုဆိုရင် တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။
 
အခုအချိန်အထိနယ်မြေအခြေအနေတွေမအေးချမ်းသေးတဲ့အတွက်နေရပ်ကိုမပြန်ရသေးတာဖြစ်တယ်လို့ စခန်းရောက်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
 
ဒီစခန်းမှာနေတဲ့ မနော်ဝမ်းဆိုတဲ့အမျိုးသမီးဟာ မကြာသေးခင်ကမှ မုဆိုးမဖြစ်ခဲ့သူပါ။ခင်ပွန်းဖြစ်သူ နေမကောင်းလို့ ဆေးရုံမှာတက်နေချိန် တိုက်ပွဲဖြစ်နေတာနဲ့ ကြုံလို့ ခင်ပွန်းကို ဆေးရုံထိသွားမ ကြည့်နိုင်ခဲ့ ဘဲ ဆုံးရှုံးခံခဲ့ရသူဖြစ်ပါတယ်။
 
မနော်ဝမ်းလိုပဲတိုက်ပွဲတွေဖြစ်လို့ပြေးလာပြီးတဲ့နောက်စစ်ရှောင်စခန်းမှာပဲသောင်တင်နေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။အခုအချိန်မှာသူတို့အတွက်တော့ အလိုအပ်ဆုံးက စားနပ်ရိက္ခာဖြစ်တယ်လို့ စစ်ရှောင်စခန်း ၁ က တာဝန်ခံက ပြောပါတယ်။
 
စစ်ရှောင်စခန်းမှာ နေထိုင်ကြသူတွေဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေများပြားတာကိုတွေ့ရမှာပါ။ယာယီစာသင်ကျောင်းလေးမှာ စာသင်နေတဲ့ ကလေးငယ်တွေကို တွေ့ရမှာဖြစ်ပြီး၊ အချို့ကလေးငယ်ေ တွ ကတော့ စာမဆက်သင်ကြတော့ဘူးလို့ သိရပါတယ်။
 
အခုအခါမှာတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုနိင်ဖို့ကြိုးစားနေချိန်လည်းဖြစ်တဲ့အတွက် စစ်ရှောင်စခန်းက ပြည်သူတွေကတော့ တိုက်ပွဲတွေ ပြီးမယ့်အချိန်ကို မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်ရှင်။
 
ရုပ်သံသတင်းထောက် - ယဉ်မွန်၊စောအောင်မင်းဦး
 
Tuesday, November 14, 2017

Top News