7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Tue, 2017-11-14 11:30 -- zaythu
၁ ။ တိုင်းပြည်အနေနဲ့ မကြုံစဖူး စည်းလုံးညီညွှတ်မှု ရနေပြီလို့ သမ္မတပြော
 
မြန်မာနိုင်ငံဟာ မကြံစဖူး စည်လုံးမှု နဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း မှန်ပေါ် ကို ရောက်နေပြီလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောလိုက်ပါတယ်။
 
ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျရောက်တဲ့ ၉၇ နှစ်မြောက် အမျိုးသားနေ့ ကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက ထည့်သွင်းပြီးပြောထားတာပါ။
 
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့ စည်းလုံးညီညွှတ်မှု စွမ်းအားကို အမြင့်ဆုံးမြှင်တင်ရ တော့ မယ့် အချိန် ကိုရောက်နေပြီလို့ သမ္မတက ဆိုပါတယ်။
 
အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မကြုံစဖူး စည်းလုံး ညီညွတ်မှုနဲ့ အတူ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း မှန်ပေါ်ကို ရောက်နေပြီဖြစ်တာကြောင့်တည်တည်ငြိမ်ငြိမ်ဆက်လျှောက်နိုင်ဖို့ ဒီအဖွဲ့တွေနဲ့အတူ ပြည်သူတွေဟာ စည်းလုံးမှုကို အရှိန်မြှင့်တင်ဖို့ သမ္မတက တိုက်တွန်းခဲ့တာပါ။
ဒါ့အပြင် အမျိုးသားနေ့ ဦးတည်ချက်တွေဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်ရေး ၊ တိုင်းရင်းသား အားလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတဦးထင်ကျော်က တိုက်တွန်းခဲ့ပါတယ်။
 
ရန်ကုန်ကောလိပ် နဲ့ ယုဒဿန်ကောလိပ် ကျောင်းသားတွေဟာ ပြည်သူတွေ တက္ကသိုလ်ပညာသင်နိုင်ရေး ပိတ်ပင်ထားတဲ့ ယူနီဗာစီတီအက်ဥပဒေကို ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင် သပိတ်မှောက် ခဲ့ကြပါတယ်။
ဒီသပိတ်ဟာ နိုင်ငံတစ်ဝှမ်း ပျံ့နှံ ရိုက်ခတ်သွားခဲ့ပြီး အမျိုး သားရေးစိတ်ဓာတ်များ ပိုမို ရင့်သန်လာသလို အမျိုး သားကျောင်းများ နိုင်ငံနဲ့အဝှမ်း ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၂၁ ခုနှစ် မန္တလေးမှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေ ညီလာခံက ပထမကျောင်းသား သပိတ် စတင်ခဲ့တဲ့ ၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းဖို့ စတင် ဆွေးနွေးခဲ့တာပါ။
 
အဲဒီနောက် ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေ အထူးညီလာခံ ကအဲဒီနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်အတည်ပြုခဲ့တာပါ။
 
၂ ။ အာဆီယံ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
 
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီခန့်က ကျင်းပတဲ့ (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးမျက်နှာစုံညီ အစည်းအဝေးကိုတ က်ရောက်ခဲ့ပါတယ်။
 
အဲဒီအစည်းအဝေးတိုင်ခင် မနက်ပိုင်းမှာလည်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသေးတယ်။
 
အဲဒီဖွင့်ပွဲ အခမ်းအနားကို တော့ အာဆီယံနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ၊ဝန်ကြီးတွေ အပါအဝင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တက်ရောက်ခဲ့ကြတာပါ။
 
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနိုင်ငံအကြီးအကဲတွေနဲ့ အာဆီယံ စီပွားရေး အကြံပေး ကောင်စီ တို့တွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။
 
မနေ့ကတော့  အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကိုတက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။
 
အဲဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကြောင့် နိုင်ငံရဲ့ စီးပွားရေးက အလျင်အမြန် တိုးတက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် ကို One stop service center တွေ တည်ထောင်တာ ၊ ကုန်သွယ် မှု လုပ်တဲ့နေရာမှာ အဆင်ပြေစေမယ့် စနစ်တွေ ချမှတ်ပေးတာ နဲ့ ဗျူ ရိုကရက် ကြိုးနီစနစ်လျော့ချတာ တွေကို လုပ်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည် ဟာ ဗီယက်နမ်နိုင်ငံ မှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များ နဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဆက်တက်ခဲ့တာဖြစ်ပါတယ်။
 
၃ ။တမျိုးသားလုံးရဲ့ဂုဏ်သိက္ခာနဲ့အချုပ်အခြာကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ ဒီချုပ်ဆို
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့အမျိုးသားဂုဏ်သိက္ခာနဲ့အချုပ်အခြာအာဏာကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေရတယ်လို့ ( ၉၇ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း လိုက်ပါတယ်။
 
ဒီကနေ့ နိုဝင်ဘာ(၁၃)မှာကျရောက်တဲ့( ၉၇ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့တာပါ။
 
အဲဒီ့အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီအဖွဲ့ဝင် မုံရွာဦးအောင်ရှင်က ပါတီရဲ့ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။
 
ဒီကနေ့အချိန်ရဲ့ အရေးကြီးအလုပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝ ရရှိ ဖို့ဖြစ်ပြီး အကြီး မားဆုံးစိန်ခေါ်မှု ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း ငြိမ်းချမ်းရေး ၊ ပြည်လည်ထူထောင်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးဖြစ်စဉ်တွေ ပုံမှန် ပေါ်ထွန်းရေးတို့ဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိတာပါ။
 
ဒါအပြင် အကြမ်းဖက်ဝါဒ ကို ချေမှုန်းရေး ၊ အမျိုးသား ဂုဏ်သိက္ခာနဲ့ အချုပ် အခြာ အာဏာ ကာကွယ်ရေး တို့အတွက် တိုက်ပွဲ ဝင်နေတယ်လို့ လည်း ကြေညာချက်က ဆိုထားပါတယ်။
 
လက်ရှိမှာတော့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေသွားသူတွေအတွက် ပြန်လည်နေရာချထားရေးကို ဆောင်ရွက်နေ ပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာကျင်းပတဲ့အမျိုးသားအောင်ပွဲနေ့အခမ်းအနားကိုတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့အစိုးရအဖွဲ့ဝင်တွေ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်အချို့တက်ရောက်ခဲ့ကြပါတယ်။
 
၎။ အီရန်-အီရတ် နယ်နိမိတ်အနီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ၃၀၀ ကျော်ထိ မြင့်တက်လာ
 
အီရန်နဲ့ အီရတ် နှစ်နိုင်ငံကြား နယ်နိမိတ်အနီးမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇.၃ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၀၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။
 
နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝ ဘေးဆိုးကြီးကြောင့် သေဆုံးသူ ဦးရေကို ၁၃၀ ဝန်းကျင်လို့ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့ ညနေပိုင်းမှာတော့ အသေအပျောက် ပမာဏဟာ အနည်းဆုံး ၃၃၂ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
 
ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပျက်စီးပြိုကျနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေပြီး သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သေးတယ်လို့ ဝန်ခံထားပါတယ်။
 
ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတာက အီရတ်ပိုင် ဒါဘန်ဒီခန်မြို့မှာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ဒေသခံ အများအပြားဟာ နေအိမ် အဆောက်အအုံတွေ ပြိုကျမှာ စိုးရိမ်ပြီး လမ်းမတွေပေါ် ထွက်အိပ်နေကြတာကိုလည်း တွေ့ရပါတယ်။
 
ငလျင်ရဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အီရတ်နဲ့ အီရန် နှစ်နိုင်ငံက ဒေသအများစုအပြင် ပါကစ္စတန်၊ လက်ဘနွန်၊ ကူဝိတ်နဲ့ တူရကီ နိုင်ငံတွေထိ သက်ရောက် ခံစားခဲ့ရကြောင်းလည်း သိရှိရပါတယ်။ 
Tuesday, November 14, 2017

Top News