ငါးနိုင်းချင်းနဲ့မုန့်ဟင်းရည်အရသာကိုခံစားရမယ့် ရသာမွန်မုန့်ဟင်းခါး

Tue, 2017-11-14 11:36 -- zaythu
ဒီတပတ် 7Day TV ရဲ့ Street Food အစီအစဉ်က နေ ရသာမွန် မုန့်ဟင်းခါးဆိုင်လေးနဲ့ မိတ် ဆက်ပေး ချင်ပါတယ်။
 
ဧရာဝတီတိုင်းသားတွေ ရောင်းချတဲ့ဆိုင်ကလေးမို့ ၊ မြစ်ဝကျွန်းပေါ် ဒေသ ဘက်က ချက်တဲ့ အရသာတွေ အတိုင်း ငါးရဲ့ အချိုအရသာကို အဓိက အသားပေးထားတဲ့ ဟင်းရည်အရသာ ကို စားသုံးရမှာပါ။
 
ငါးကြင်းကို ဆီသတ်ထားကာ မြေပဲနှစ် ၊ ကုလားပဲ အနှစ်တွေ ထည့်ပြီး ချက်တဲ့ မုန့်ဟင်းရည်ချိုချို ကို စားသုံးနိုင်မယ့် ရသာမွန် မုန့်ဟင်းခါးဆိုင်က တော့ ကမာရွတ်မြို့နယ် လှည်တန်း လမ်းဆုံ အနီးက ဦးထွန်းလင်းခြံ လမ်းထဲမှာ ရောင်းချတာပါ။
 
ဟင်းရည် ချက်တဲ့ အခါ ငါးအနှစ်များများသုံးထားတာမို့ တနေ့အချိန် လေးဆယ် စာလောက်ချက် ရတာဖြစ်ပြီး မုန့်ဟင်းရည်အတွက် ငါးကြင်း ငါး ပိသာ လောက် ထည့်ရတယ်လို့လည်းသိရပါတယ်။
 
မုန့်ဟင်းခါး အလွတ် တစ်ပွဲကို ငါးရာကျပ် ၊ အကြော် နဲ့ဆို ခြောက်ရာကျပ် ၊ အီကြာကွေး ၊ အိုးဘဲ ဥ တို့နဲ့ဆိုရင်တော့ ခုနှစ်ရာကျပ်ဆိုပြီး ရောင်းချပါတယ်။
 
နေ့စဉ် မနက် ၆ နာရီ ကနေ ညနေ ၆ နာရီ အထိ တနေကုန် ရောင်းချတာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ
Tuesday, November 14, 2017

Top News