လူတွေ တလွဲတွေးတတ်တဲ့ ဂေါက်ရောဂါ

Tue, 2017-11-14 11:39 -- zaythu
ဂေါက်ရောဂါလို့ ပြောလိုက်ရင်လူတော်တော်များက တလွဲတွေးတတ်ကြပါတယ်။တကယ်တော့ ဂေါက်ရောဂါဆိုတာ အဆစ်ရောင်တဲ့ ရောဂါတစ်မျိုးပါပဲ။
 
ဒါပေမယ့် အဆစ်ရောင် ရောဂါလို့ပြောလိုက်ရင်လည်း တခြားလေးဘက်နာရောဂါတို့လို့ ရောဂါတွေနဲ့ အမှတ်မှားတတ် ကြ ပါ သေးတယ်။ဂေါက်ရောဂါ ဟာ မွေးရာပါ ရောဂါမျိုးတော့မဟုတ်ပါဘူး။
 
အနေအစားမမှန်တာ ၊ စိတ်ဖိစီးမှုများတာနဲ့ ပဋိဇီဝဆေးတချို့ရဲ့ ဘေး ထွက် ဆိုးကျိုးတွေကြောင့် သွေးထဲမှာရှိတဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်တဲ့ ယူရစ်အက်ဆစ် (Uric Acid) ရဲ့ပမာဏ မြင့်တက်လာပြီး အဲဒီအက်ဆစ်ဟာ လက်ချောင်းတွေ ၊ ခြေမအဆစ်၊ဒူးခေါင်း၊တံတောင်ဆစ်တွေမှာ အနည်ကျကျောက်တည်ပြီး မခံမရပ်နိုင်အောင် နာကျင် ရောင်ကိုင်းပြီး ဂေါက်ရောဂါဖြစ်လာရတာပါ ။
 
ဒီတပတ်မှာတော့ လူတွေ တလွဲတွေးတတ်တဲ့ ဂေါက်ရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ ၊ရောဂါ လက္ခဏာတွေ က ဘယ်လိုပြတတ်လဲဆိုတာနဲ့ ရောဂါခံစားနေရပြီဆိုရင် ဘယ်လိုကုသကြမလဲဆိုတာကို 7DAY TV ပရိသတ်ကြီး ကျန်းမာရေး ဗဟုသုတ ရရှိ စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
Tuesday, November 14, 2017

Top News