ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ခရီးစဉ်များစတင်

Tue, 2017-11-14 11:42 -- zaythu
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်နိုင်ငံတို့မှာ အစည်းအဝေးတွေတက်ဖို့ ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
 
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ပထမဆုံးသွားရောက်မှာဖြစ်ပြီး ဗီယက်နမ်သမ္မတရဲ့ဖိတ်ကြားချက်အရ အာဆီယံ နိုင်ငံ ခေါင်းဆောင်များနှင့် အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲတက်ရောက်ဖို့ဖြစ်ပါတယ်။
 
နိုဝင်ဘာ ၁၁ ရက်မှာတော့ ဖိလစ်ပိုင်သမ္မ ဒူတာတေးရဲ့ ဖိတ်ကြားချက်အရ မနီလာမြို့မှာကျင်းပမယ့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတွေတက်ရောက်ဖို့ ဆက်သွားမှာဖြစ်ပါတယ်။
 
ဗီယက်နမ်ခရီးစဉ်မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများလိုက်ပါသွားကြတာဖြစ်ပါတယ်။
 
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ ဦးကျော်ဝင်းတို့ကတော့ နိုဝင်ဘာ ၁၁ ရက်ကျမှ ဖိလစ်ပိုင်ကို လိုက်သွားမှာဖြစ်ပါတယ်။ 
 
Tuesday, November 14, 2017

Top News