အစိုးရ နဲ့ UNFC တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေ

Tue, 2017-11-14 11:47 -- zaythu
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ရဲ့ (၈ကြိမ်မြောက်တွေ့ဆုံပွဲမှာ အချက်အားလုံးကိုဆွေးနွေးနိုင်ခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်တွေထံတင်ပြပြီးပါက အပြီးသတ်ပြန်လည်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
၈ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ၈ရက်နဲ့၉ရက် နှစ်ရက်တာ ရန်ကုန်မြို့NRPCမှာပြုလုပ်ခဲ့ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပေးစဉ် နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေက ပြောကြားခဲ့တာပါ။
 
အချက်၈ချက်မှာ တပ်ပိုင်းဆိုင်ရာကိစ္စရပ်အပါအဝင် တစ်နိုင်ငံလုံးအပစ်ရဲစဲရေးကြေညာဖို့ကိစ္စ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောင်ရေးကိစ္စ အစရှိတာတွေပါဝင်တာဖြစ်ပါတယ်။
 
နှစ်ဖက်ခေါင်းဆောင်တွေထံတင်ပြပြီး အပြီးသတ်ဆွေးနွေးမှုကိုတော့ အခုလထဲမှာပဲ ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
UNFCကတင်ပြထားတဲ့ အဆိုပြုချက်တွေကို ဆွေးနွေးနေကြတာဖြစ်ပြီး နှစ်ဖက်သဘောတူညီမှုရရှိပါက UNFCအနေနဲ့ NCAမှာလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
 
ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPNတို့ရဲ့ တရားဝင်တွေ့ဆုံမှုက ၈ကြိမ်မြောက်ရှိပြီဖြစ်ပြီး တစ်နှစ်ခွဲကျော်ကြာ ဆွေးနွေးလာခဲ့ကြတာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်
Tuesday, November 14, 2017

Top News