အရိုးအထူးကုဆရာဝန်ကြီးတွေညီလာခံ မြန်မာနိုင်ငံက ပထမဆုံးအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပ

Tue, 2017-11-14 11:54 -- zaythu
၁၁ ကြိမ်မြောက် မြန်မာနဲ့အရှေ့တောင်အာရှ အရိုးအထူးကုဆရာဝန်များညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ်လက်ခံကျင်းပနေပါတယ်။
 
ဒီညီလာခံကို နိုဝင်ဘာလ ၉ရက်ကနေ၁၁ရက်အထိ သုံးရက်တာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ညီလာခံမှာ ကွယ်လွန်သူ အရိုးအထူးကုဆရာဝန်ကြီး ဦးစံဘော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆင်စွယ်နှင့်အရိုးအစားထိုး ကုသမှု မြန်မာ့အောင်ပွဲ စာတမ်းကို ဖတ်ကြားခဲ့ပြီး စာတမ်းပေါင်း ၇၀ကျော် ဖတ်ကြားသွားမှာဖြစ်ပါတယ်။ အရိုးအထူးကုဆရာဝန်ကြီး ဦးစံဘော်ဟာ ပေါင်ဆစ်ရိုးနေရာမှာ ဆင်စွယ်ကို အစားထိုးခွဲစိတ်တာကို ကမ္ဘာပေါ်မှာဦးဆုံး တီထွင်ခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ပါတယ်။
 
ဒီညီလာခံကို အရှေ့တောင်အာရှနိုင်ငံတွေက ပညာရှင် ၄၅ဦးနဲ့အတူ မြန်မာနိုင်ငံမှအရိုးဆရာဝန်ဦးရေ လေးရာကျော်တက်ရောက်ခဲ့ပြီး စာတမ်းဖတ်တာတွေ၊ပေါင်ဆစ်ရိုးနဲ့ ဒူးဆစ်ရိုးအစားထိုးခွဲစိတ်ကုသမှုအကြောင်း ဟောပြောတာတွေနဲ့ ကုသမှုနည်းပညာတွေဖလှယ်ဆွေးနွေးကြမှာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
 
Tuesday, November 14, 2017

Top News