သံလွင်မြစ်ပေါ်ရေအားလျှပ်စစ်စက်ရုံတွေမဆောက်ရင် ဖွံ့ဖြိုးမှုနောက်ကျမယ်လို့ ဆို

Tue, 2017-11-14 11:58 -- zaythu
သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံကြီးတွေ မဆောက်နိုင်ရင် နိုင်ငံရဲ့ဖွံ့ဖြိုးမှု နောက်ကျသွား နိုင် တယ်လို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုးဦးခင်မောင်က ပြောဆို လိုက်ပါ တယ်။ ဒီကနေ့ နိုဝင်ဘာ ၉ ရက် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
သံလွင်မြစ်ပေါ်မှာ ရေးအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတွေ ဆောက်လုပ်ဖို့ MOU ထိုးထားတဲ့အဆင့် သာရှိပြီး လေ့လာမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ခုတော့ ဆောက်လုပ်တာတွေ လုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။
 
သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းလေးခုတည်ဆောက်ဖို့ ရည်ရွယ်ထားပြီး မိုင်းတုံးစီမံကိန်းကိုတော့ မဂ္ဂဝပ် ၇၀၀၀ ကနေ ထိခိုက်မှုများတဲ့အတွက် ၂၆၀၀ အထိလျှော့ချပြီးဆောက် လုပ်ဖို့ စူစမ်းလေ့လာနေတယ်လို့ သိရပါတယ်။
 
အခုလက်ရှိမှာတော့ နားလည်မှုစာချွန်လွှာ MOU ထိုးထားတဲ့အဆင့်သာရှိပြီး MOA ထိုးဖို့ညှိုနှိုင်းနေတဲ့အဆင့်သာရှိသေးတယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက်- မောင်သင်တုန်း
 
Tuesday, November 14, 2017

Top News