မြန်မာနိုင်ငံကအမျိုးသားဖခင်လောင်းတွေအားကျ အတုယူဖို့ ဆွီဒင်ဖခင်များဓာတ်ပုံပြပွဲပြုလုပ်

Tue, 2017-11-14 17:41 -- zaythu

ကလေးငယ်တွေကို ပြုစုပျိုးထောင်ပေးတာ အမျိုးသမီးတွေကပဲ လုပ်ရတယ်ဆိုတဲ့ အစဉ်အလာကို  ဆန့်ကျင်ထားတဲ့ ဓာတ်ပုံပြပွဲတစ်ခုကို  ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
 
အဲဒီ ဓာတ်ပုံပြပွဲကို ဆွီဒင်လူမျိုး ဓာတ်ပုံဆရာ ဂျိုဟန်ဘာ့ဗ်မန်က မြန်မာနိုင်ငံကို လာရောက်ပြီး ပြု လုပ်ခဲ့တာပါ။ ဓာတ်ပုံပြပွဲကိုတော့ ဆွီဒင်ဖခင်များဆိုပြီး အမည်ပေးထားပါတယ်။

ဒီဓာတ်ပုံပြပွဲမှာ ဆွီဒင်နိုင်ငံက ဖခင်အချို့ဟာ သူတို့ရဲကလေးငယ်တွေနဲ့ ခြောက်လတာအတွင်းနေထိုင်ခဲ့တဲံ ပုံရိပ်တွေကို ရိုက်ကူးပြသထားတာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ရှေးရိုးစွဲ အယူအဆတွေကြောင့် တချို့  ဖခင်တွေဟာ ကလေး ထိန်းသိမ်းစောင့်ရှောက်ပေးတာတွေ နည်းပါးနေတာကို တွေ့ရတဲ့အတွက် အခုလို ပြပွဲတစ်ခု ပြုလုပ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆  ရက်နေ့အထိရန်ကုန်မြို့က မြန်မာပလာဇာမှာ ပြသပေးသွားမှာဖြစ်ပြီး ၊  နောက်ပိုင်းမှာတော့ လူစည်ကားရာနေရာတွေမှာ အခုလို ဓာတ်ပုံပြသမှုတွေပြုလုပ်ပြီး အသိပေးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။.

ရုပ်သံသတင်းထောက် - ယဉ်မွန်

Tuesday, November 14, 2017

Top News