အနည်းဆုံးလုပ်ခလစာသတ်မှတ်ဖို့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ ဒီဇင်ဘာလမှာ ပြုလုပ်မယ်

Wed, 2017-11-15 11:08 -- zaythu
အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် သတ်မှတ်နိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလ မှာ အလုပ် ရှင် ၊ အလုပ်သမား ၊ အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံမယ့် ဆွေးနွေးပွဲကို ကျင်းပမယ်လို့သိရပါတယ်။
 
လက်ရှိ အချိန်မှာတော့ အစိုးရ က ဖွဲ့ပေးထားတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့က တိုင်းနဲ့ ပြည်နယ်အချို့မှာ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
 
အဲဒီလို တွေ့ဆုံပွဲတွေ ပြီးရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံပွဲတစ်ခုကို လုပ်ဆောင်မှာလို့အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
 
လူမှုအဖွဲ့အစည်းတွေနဲ့ ညီလာခံကြီး သဘောမျိုး လုပ်မှာ။ လက်ရှိ အကြမ်းဖျင်းတော့ UMFCCI လို နေရာမျိုးတော့ မှန်းထားတာပဲ။ လက်ရှိမှာတော့ နေရာတော့ အတိအကျ မရွေးရသေးဘူး။မနေ့က ရန်ကုန်မြို့မှာတော့ အစိုးရ ကိုယ်စားလှယ်တွေက အလုပ်သမားအဖွဲ့အစည်းတွေ အပြင် အလုပ် ရှင်တွေနဲ့ ပါ တရက်တည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
 
အဲဒီတွေ့ဆုံမှုမှာတော့ အလုပ်သမားအဖွဲ့အစည်းတွေက တရက်ကို အနည်းဆုံးလုပ်ခ ငါးထောင် ခြောက်ရာအထက် ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
 
မနေ့က နိုဝင်ဘာလ ၄ ရက်နေ့မှာ အစိုးရ ကိုယ်စားလှယ်တွေက မြောက်ဒဂုံ အလုပ်သမားအတက်သင်တန်းကျောင်းမှာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ တော့ UMFCCI ရုံးချုပ်မှာ အလုပ်ရှင်အချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
 
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ
Wednesday, November 15, 2017

Top News