မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးတွေကိုဒီဇင်ဘာလအတွင်းဖွင့်မယ်

Wed, 2017-11-15 14:53 -- zaythu

လာမယ့် ဒီဇင်ဘာလအတွင်း  နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးတွေကို ဖွင်လှစ်ဖို့  မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ သဘောတူညီလိုက်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီရုံးတွေကိုတော့ ရခိုင်ပြည်နယ် မောင်တောဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက်ဒေသမှာ ဖွင့်မယ်လို့ ရဲမှူးချုပ် မျိုးဆွေဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံခြားစောင့်တပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ ကြား ဆွေးနွေးမှုတွေအပြီး သဘောတူညီချက်တွေကို သတင်းထုတ်ပြန်တဲ့ ဒီကနေ့ အခမ်းအနားမှာ ပြောလိုက်တာပါ။

နှစ်နိုင်ငံ တွေ့ဆုံမှုမှာတော့ ARSA အကြမ်းဖက်သမားတွေရဲ့ စာရင်းနဲ့ ဓာတ်ပုံတွေကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံးဖမ်းဆီးပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် နှစ်နိုင်ငံနယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်နေကြတဲ့  နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ဗဟိုအဆင့်အစည်းအဝေးကို တစ်နှစ်နှစ်ကြိမ်ကျင်းပဖို့  သဘောတူခဲ့တယ်လို့ သိရပါတယ်။ 

နေပြည်တော်မှာ ပြုလုပ်တဲ့နှစ်ရက်ကြာ ဆွေးနွေးမှုကတော့ လေးကြိမ်မြောက်ဖြစ်ပြီး  လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေမှာ ပူပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးခဲ့ကြတာပါ။

ရုပ်သံသတင်းထောက်- ဇွဲဥာဏ်

Wednesday, November 15, 2017

More in Videos Section