ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်ရှေ့က စားချင်စဖွယ်အကင်မျိုးစုံ

Mon, 2017-11-20 13:29 -- zaythu

ဒီတစ်ပတ် 7Day TV ရဲ့ Street Food အစီအစဉ်ကနေ ပြင်ဦးလွင်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ် ရှေ့မှာရောင်းချတဲ့ အကင်ဆိုင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အတန်းလိုက် စီစီရီရီ ရောင်းချနေတဲ့ အဲဒီဆိုင်လေးတွေမှာ ရောင်းချတဲ့ အကင်တွေကလည်း မျိုးစုံပါပဲ။ ကြက်အချင်းတိုင်၊ ကြက်အသဲအမြစ်၊ ကြက်ပေါင် ၊ကြက်တောင်ပံ၊ ငုံးကြော်၊ ငုံးဥတွေနဲ့ ကိုရီးယားအသားကင်တွေကလည်း အစုံပါပဲ။

 နောက်ပြီး ဆိတ်သားခြောက်ကြော်တွေလည်း ရနိုင်ပါသေးတယ်။ ၁၀ ဆိုင်လောက်စီတန်းရောင်းချနေတာမို့ အကြိုက်ရွေးချယ်ဝယ်ယူလို့လည်း ရပါတယ်။ ဆီကြော်စာတွေ ဖြစ်ပေမယ့် ဒေသထွက်စာဆိုပြီး  စားသုံးသူတွေနဲ့တော့ မြိုင်ဆိုင်နေတာပါပဲ။

အသင့်စားနိုင်အောင်လုပ်ထားတဲ့ ကိုရီးယား အသားလုံးကြော်တွေကတော့ တစ်ချောင်းကို ကျပ်တစ်ရာရောင်းချပြီး၊ အခြား အကင်တွေကတော့ တစ်ချောင်းကို ကျပ် သုံးရာ ၊ တစ်ထောင်ဖိုး လေး ချောင်း စသဖြင့် အစားစား ရောင်းချတာပါ။

ကန်တော်ကြီး ဥယျာဉ်ရဲ့ ပင်မ ဝင်ပေါက်ဖြစ်တဲ့ တိုင်းရင်းသားကျေးရွာနဲ့ မျက်နှာချင်းဆိုင်က ဝင်ပေါက်မှာ ရောင်းချနေတာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ

Monday, November 20, 2017

Top News