ကွမ်ရှီးပြည်နယ် နန်နင်းကို မြန်မာတွေလည်ဖို့ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေ

Mon, 2017-11-20 18:04 -- zaythu

ရန်ကုန်မြို့နဲ့ ညီအမမြို့တော်ဖြစ်တဲ့ နန်နင်းမြို့ကို ခရီးသွားဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့ ခရီးသွားမြှင့်တင်ရေး မိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို အလည်အပတ်ခရီးတွေကနေ တဆင့်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ 

ကွမ်းရှီး-မြန်မာ ခရီးသွားဖွံ့ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ ဒေသဆိုင်ရာ ခရီးသွား မြှင့်တင်ရေးမိတ်ဆက်ပွဲကို ဒီကနေ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်ကနေတစ်ဆင့် ထိစပ်နယ်မြေဖြစ်တဲ့ ကွမ်းရှီးပြည်နယ်ရဲ့ နန်နင်းမြို့ဟာ ၊ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့နဲ့ မိတ်ဖက်တိုင်းဒေသကြီး၊ မိတ်ဖက်မြို့တော်တွေအဖြစ် သတ်မှတ်ထားတာပါ။ 

ဒါကြောင့် ချစ်ကြည်ရင်းနှီးမှုတွေကို အသုံးချပြီး အာဆီယံနိုင်ငံတွေချင်း တည်ဆောက်မယ့် One Belt One Road စီမံကိန်းဖြစ်တဲ့ နယ်မြေတစ်ခု လမ်းတစ်ခု စီမံကိန်းမှာလည်း ကွမ်းရှိးပြည်နယ်ဟာ အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာလို့ သိရပါတယ်။

မြန်မာနိုင်ငံခရီးသွား အသင်းချုပ်၊ ခရီးသွားကုမ္မဏီတွေနဲ့ နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးတို့ကနေ တစ်ဆင့် ဆက်သွယ်ရေးကွန်ယက်အဖြစ် အသုံးပြုပြီး ခရီးစဉ်တွေဖော်ဆောင်နိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကွမ်းရှီးပြည်နယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်း မြို့တော် တစ်ခုလည်း ဖြစ်သလို ခရီးသွားလုပ်ငန်းမှာလည်း တောတောင်ရေမြေတွေရဲ့ သဘာဝအလှနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို အခြေခံထားတာဖြစ်ပါတယ်။

အအေးပိုင်းဒေသဖြစ်တာမို့ နွေဦးကာလ ဖြစ်တဲ့ ဧပြီလနဲ့ မေလတွေမှာ မြန်မာတွေအများဆုံး သွားရောက် လေ့ရှိတယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက်- ခင်ဝိုင်းဖြူဖြူ

Monday, November 20, 2017

Top News