ပြည်တွင်း ပြည်ပ ဒီဇိုင်နာ ၁၃ ဦးရဲ့ ဒီဇိုင်းတွေပြသမယ့် ဖက်ရှင် ရက်သတ္တပတ်

Thu, 2017-11-23 15:32 -- zaythu

Myanmar International Fashion Week 2017 ကို ဒီဇင်ဘာ ၈ ရက်မှ ကျင်းပဖို့ရှိပါတယ်။ ဒီဇင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ သုံးရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပြီး အရှေ့မြင်းပြိုင်ကွင်း လမ်းမှာရှိတဲ့ ရွှေထွဋ်တင်ဝင်းထဲက Hexagon Complex မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီပွဲကို Star Event Production က စီစဉ်ပြုလုပ်တာဖြစ်ပြီး ငါးကြိမ်မြောက် ပြုလုပ်တဲ့ ပွဲလည်းဖြစ်ပါတယ်။

ဒီပွဲကြီးမှာ ပြည်တွင်းပြည်ပ က ဒီဇိုင်နာ ၁၃ ဦးရဲ့ ဒီဇိုင်းတွေကိုပြသပေးသွားမှာဖြစ်ပြီး နိုင်းနိုင်း၊ အောင်ရဲလင်း၊ မိုးဟေကို၊ အေးမြတ်သူစတဲ့ နာမည်ကြီးသရုပ်ဆောင်တွေအပါအဝင် မော်ဒယ် ၁၀၀ ကျော်က ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်ပြသသွားမှာဖြစ်ပါတယ်။

Myanmar International Fashion Week 2017 ပွဲကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပြီး လက်မှတ် တွေကိုတော့ Star & Model International ရုံးတွေနဲ့ ABC Store တွေမှာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သတ်ပြီး ပွဲစီစဉ်သူ ဂျွန်လွင်ကလည်း အခုလိုပြောကြားထားပါတယ်။

ရုပ်သံသတင်းထောက်-ဇွဲဥာဏ်

Thursday, November 23, 2017

Top News