ကထိန်ရာသီမှာကြုံရတာတွေပါဝင်မယ့် ငါကဗိုလ်အောင်ဒင် မကြာမီရုံတင်မယ်

Thu, 2017-11-23 15:34 -- zaythu
မင်းမော်ကွန်းနဲ့ ပြေတီဦး တို့ အဓိက ခေါင်းဆောင်ထားတဲ့ ငါက ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကား ကို လာမယ့် ဒီဇင်ဘာလ ၁ ရက်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
 
ဒီဇာတ်ကားမှာ မင်းမော်ကွန်းနဲ့ပြေတီဦးတို့က တရွာတည်းသားတွေဖြစ်ပေမယ့်လည်း အချင်းချင်း မတည့်တဲ့သူတွေအဖြစ်သ ရုပ်ဆောင်ထားပြီး အိချောပို ၊ ခင်လှိုင် ၊တက္ကသိုလ်ဂွမ်းပုံ မုဏ်း ၊ဝါဝါအောင် တို့အပါအဝင် ဟာသသရုပ်ဆောင် တွေ အားဖြည့် ပါဝင်ထားကာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကရိုက်ကူးပုံဖော်ထားပါတယ်။
 
ကထိန်ရာသီမှာ ကြုံရတဲ့ အဖြစ်အပျက်တွေ ကို မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းနဲ့ အတူ လော်စပီကာနဲ့ ပတ်သတ်တဲ့ အ ကြောင်း အရာတွေ ကို ထည့်သွင်းရိုက်ကူးထားတာပါ။
 
ဒီဇာတ်ကားရဲ့နမူနာကို ငါကဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကားရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထား ခဲ့ရာ လက်ရှိအချိန်အထိ ကြည့်ရှုသူ ခုနစ်သန်းကျော်ရှိခဲ့ပါတယ်။
 
ဒီဇာတ်ကားရဲ့ အထူးပွဲကိုတော့ နိုဝင်ဘာ ၂၃ ရက်က သမ္မတရုပ်ရှင်ရုံမှာပြုလုပ်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပတ်သတ်လို့ မင်းမော်ကွန်း နဲ့ပြေတီဦးတို့က အခုလိုပြောပြထားပါတယ်။
 
ရုပ်သံ - ဇွဲဥာဏ်
Thursday, November 23, 2017

Top News