အောင်သူ ထိုင်းကလပ် တစ်လ ဒေါ်လာခုနှစ်ထောင်နဲ့ တစ်ရာသီ သွားကစားမယ်

Thu, 2017-11-23 17:34 -- zaythu

မြန်မာလက်ရွေးစင် တိုက်စစ်မှုးအောင်သူကို ထိုင်းကလပ် Police Tero Fc အသင်းကို တစ်ရာသီ အငှားစေလွှတ်ခဲ့ခြင်းဖြစ်ပြီး လစာအဖြစ် တစ်လကို ဒေါ်လာခုနှစ်ထောင် ရရှိမယ်လို့ ရတနာပုံအသင်းက ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၃ရက်နေ့မှာ  ရတနာပုံအသင်းက ရဲ့ ဝက်ဆိုက်ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံ အသင်းဥက္ကဌ ဒေါက်တာ စိုင်းဆမ်းထွန်းနဲ့  Poilce Tero Fc အသင်း ဥက္ကဌ မစ္စတာ ဘရိုင်ယန် တို့ဟာ အသေးစိတ် ဆွေးနွေးမှုတွေပြီးတဲ့နောက်  အငှားစေလွှတ်ကစားဖို့ သဘောတူညီ မှုရရှိခဲ့တာလို့  ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒီကမ်းလှမ်းမှုကို ဝမ်းမြောက်ကြောင်းနဲ့ မြန်မာကစားသမားတွေ အနေနဲ့ ပြည်ပကို သွားရောက်ကစားဖို့ နဲ့ တဆင့်ပြီးတဆင့် မြင့်မားအောင်ကြိုးစားဖို့  ရတနာပုံအသင်းဥက္ကဌ ဒေါက်တာ စိုင်းဆမ်းထွန်းက ဆိုပါတယ်။ ထိုင်းကလပ်အသင်းတွေဟာ အရင်ကလဲ ရတနာပုံကစားသမားတွေ ဖြစ်တဲ့ ပိုင်စိုးနဲ့ ရှိုင်းသူရတို့ကို အငှားခေါ်ယူခဲ့ဖူးပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Thursday, November 23, 2017

Top News