အနည်းဆုံးအခကြေးငွေ အမြန်သတ်မှတ်ပေးဖို့ လက်ကမ်းစာစောင်တွေဖြန့်ဝေ

Fri, 2017-11-24 18:06 -- zaythu

အနည်းဆုံး အခကြေးငွေကို  တရက်ကို  ၅၆၀၀ နှုန်းထက်မနည်းပဲ အမြန်ဆုံးသတ်မှတ်ပေးဖို့အတွက်  လက်ကမ်း စာစောင်ဖြန့်ဝေတာတွေကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို လက်ကမ်းစာစောင့်ဖြန့်ဝေတာတွေကိုတော့ အနည်းဆုံးအခကြေးငွေနဲ့ အလုပ်သမားအခွင့်အရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ အလုပ်သမားတွေအတွက် တစ်နေ့တာလုပ်အားခကို ၃၆၀၀ ကျပ်ကနေ တိုးမြှင့်သတ်မှတ်ပေးဖို့ ကြန့် ကြာနေတာတွေကြောင့် အလုပ်သမားတွေမှာ နစ်နာနေရတယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှား တဲ့ WE Generation Network မှ ရုံးအဖွဲ့မှူး ကိုဝဏ္ဏစိုးက ပြောပါတယ်။

အနည်ဆုံးအခကြေးငွေ သတ်မှတ်ရာမှာလည်း  အလုပ်သမားတစ်ဦးချင်းစီအတွက် သာမက  အလုပ်သမားရဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက်ကိုပါ ထည့်ကြည့်သင့်တယ်လို့လည်း ဆိုပါတယ်။

အနည်းဆုံးအခကြေးငွေကို တရက် ၅၆၀၀ ကျပ်ထက်မနည်း အမြန်ဆုံးပြင်ဆင်သတ်မှတ်ဖို့ လက်ကမ်း စာစောင်တွေဖြန့်ဝေတာ ကိုတော့  ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ ၊ တောင်ဒဂုံ ၊ ဒဂုံဆိပ်ကမ်း ၊မှော်ဘီ တို့မှာ ပြုလုပ်ခဲ့တာပါ။

ရုပ်သံသတင်းထောက်- စောအောင်မင်းဦး

Friday, November 24, 2017

Top News