အခွန်ဥပဒေမှာ လုပ်ငန်းရှင်တွေအသံပါနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရ လုပ်ငန်းရှင်တွေနဲ့တွေ့မယ်

Fri, 2017-11-24 18:42 -- zaythu

လာမယ့်နှစ် အခွန်ဥပဒေမှာ လုပ်ငန်းရှင်တွေရဲ့ အကြံပြုချက်တွေ ပိုမို ပါလာနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အနေနဲ့ လုပ်ငန်းရှင်တွေ နဲ့တွေ့ဆုံဆွေးနွေးတော့မယ်လို သိရပါတယ်။

လွှတ်တော်က အခွန်ဥပဒေကို အတည်ပြုပြီးမှ ဥပဒေကို ပြန်ပြင်ရတဲ့အခါမျိုးမှာ အခက်အခဲတွေရှိနေတာမို့ ဥပဒေကြမ်းရေးဆွဲတဲ့အချိန်ကတည်းက လုပ်ငန်းရှင်တွေရဲ့အသံ ပါလာနိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဖို့ ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီကနေ့မှာတော့  ရန်ကုန်က ကုန်သည်စက်မှု အသင်းချုပ်မှာ  ဒုတိယ သမ္မတဦးမြင့်ဆွေ ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

အခွန်ဥပဒေဟာ နှစ်စဉ် ရေးဆွဲရတာ ဖြစ်ပြီး ဘတ်ဂျက်နှစ်တစ်နှစ်အတွင်း ကောက်ခံမယ့် အခွန်နှုန်းတွေ ပါရှိတာပါ။

အစိုးရ အဖွဲ့ က  အခွန်ဥပဒေကြမ်းကို ရေးဆွဲပြီးတဲ့အခါမှာ လွှတ်တော်ကို ပေးပို့ရတာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေကြမ်းမှာ ပါတဲ့အချက်တွေ ကို ဆွေးနွေးမှုတွေပြု လုပ် တာဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Friday, November 24, 2017

Top News