ပုပ်ရဟန်းမင်းကြီးကို လေဆိပ်နဲ့ ပြည်လမ်းတစ်လျှောက်မှာ ကြိုဆိုဖို့ စီစဉ်ထား

Sat, 2017-12-02 15:10 -- zaythu

 မနက်ဖြန် မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို ပြည်လမ်းတလျှောက် နဲ့ လေဆိပ်မှာ စုရပ်နေရာ တွေ နဲ့ ကြိုဆိုနှုတ်ဆက်ဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၆ရက် မနက်ပိုင်းက ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်မှာ လုပ်ခဲ့ပြီး ၄ရက်ကြာ ခရီးစဉ်အကြောင်း ရှင်းပြခဲ့တာပါ။

လေဆိပ်အပါအဝင် ၉မိုင်၊ ၇မိုင်၊ တံတားဖြူ၊ ရန်ကုန်တိုင်းလွှတ်တော် ရှေ့နဲ့ HItachiတာဝါတို့မှာ ကြိုဆိုရေးတွေ စီစဉ်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Saturday, December 2, 2017