ဖေ့စ်ဘွတ်တင်ပြီးမှ ပြန်ဖျက်လိုက်တဲ့ ပို့စ်အကြောင်းပြောပြတဲ့ ချမ်းချမ်း

Thu, 2017-12-07 09:53 -- zaythu

ကွာရှင်းပြတ်ဆဲရတဲ့ အကြောင်းကို ဖေ့စ်ဘွတ်ပေါ်မှာ ကိုယ်တိုင်ရေးပြီး တင်ခဲ့တာဖြစ်ပေမယ့် တခြားသူတွေကို ထိခိုက်မှာစိုးတာကြောင့် ရေးပြီးမိနစ်ပိုင်းမှာပဲပြန်ဖြုတ်ချခဲ့တာဖြစ်တယ်လို့ အဆိုတော်ချမ်းချမ်းကပြောပါတယ်။

ချမ်းချမ်းက အိမ်ထောင်သက်လေးနှစ်ကျော်မှာ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ ကွာရှင်းခဲ့တာဖြစ်ပြီး မီဒီယာတွေ မှာလည်း အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပါတယ်။

အိမ်ထောင်သက်သုံးနှစ်ကျော်အထိ ပျော်ရွှင်ခဲ့ရပြီး အိမ်ထောင်တည်မြဲဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆင်မပြေတဲ့အဆုံးမှာ ကွာရှင်းခဲ့ရဖြစ်တယ်လို့ ချမ်းချမ်းကပြောပါတယ်။

သူတို့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး သမီးဖြစ်သူ စိတ်ထိခိုက်မှုတွေမဖြစ်စေဖို့အတွက်လည်း ကြိုးစားနေတယ် လို့ဆိုပါတယ်။

ချမ်းချမ်းကသူ့ရဲ့ စတုတ္ထမြောက်တစ်ကိုယ်တော်ခွေကိုလည်း ဒီဇင်ဘာ ဒုတိယပတ်ထဲမှာ ဖြန့်ချိပေးတော့မှာဖြစ် ပါတယ်။

အိမ်ထောင်ရေးပြဿနာတွေကြောင့် တစ်ကိုယ်တော်ခွေနဲ့ပတ်သတ်ပြီး ပရိသတ်တွေအပေါ်မှာ တာဝန်မကျေ မှာစိုးတယ်လို့လည်း ချမ်းချမ်းကပြောပါတယ်။

ရုပ်သံသတင်းထောက်- ဇွဲဥာဏ်

Thursday, December 7, 2017