ဂျာမနီမှာ ရထားနှစ်စီး တိုက်မိပြီး လူ ၄၀ လောက် ဒဏ်ရာရ

Thu, 2017-12-07 10:18 -- zaythu

ဂျာမနီနိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 ဒီဇင်ဘာ ၅ ရက် ညပိုင်းက ဒူဆန်ဒေါ့ဖ် မြို့နားမှာ ကုန်တင်ရထား တစ်စီးက ခရီးသည်တင် ရထားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်တင် ရထားပေါ်မှာ လူပေါင်း ၁၅၀ လောက် လိုက်ပါလာတဲ့အနက် ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
 
ဒဏ်ရာရသူ တော်တော်များများကို ဆေးရုံ တင်ပို့ခဲ့ရပြီး ၃ ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးတွေက ရထားတိုက်မိမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကို အရင်ဆုံး ရှင်းလင်းပြီးမှ ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ထုတ်ခဲ့ရပါတယ်။
 
ရထားနှစ်စီး တိုက်မိမှု ဖြစ်ပွားရတဲ့ အမှားအယွင်းနဲ့ ပတ်သက်လို့ မသိရသေးဘဲ စုံစမ်း စစ်ဆေးနေဆဲလို့ ဒူဆန်ဒေါ့ဖ် ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ 

Thursday, December 7, 2017

Top News