ဒီချုပ်ရဲ့ မြို့နယ်အဆင့်လူငယ်ညီလာခံတွေ အခုနှစ်ကုန်ပိုင်းမှာစတင်မယ်

Thu, 2017-12-07 13:08 -- zaythu

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်အဆင့်လူငယ်ညီလာခံတွေကို ယခုလနောက်ဆုံးပတ်မှာ စတင်တော့မယ်လို့ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦးကပြောပါတယ်။

ညီလာခံကျင်းပဖို့ အဆင်သင့်ဖြစ်မယ့် မြို့နယ်မှာ စတင်ကျင်းပမယ်လို့လည်း ဦးမောင်မောင်ဦးကဆိုပါတယ်။ မြို့နယ်အဆင့် ညီလာခံ ကျင်းပပြီးပါက ခရိုင်၊တိုင်းအဆင့်ညီလာခံတွေဆက်လုပ်ပြီး ဗဟိုအဆင့်ညီ လာခံကိုပါ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပဖို့နဲ့ ပါတီရဲ့လူငယ်အဖွဲ့ဝင် အဆိုပြုလွှာပုံစံ အရေအတွက် ခြောက်သောင်းကျော်ကိုလည်း ရောင်းချထားတယ်လို့သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ်လူငယ်ညီလာခံကို ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်၊မြတ်သီဟမောင်

Thursday, December 7, 2017

Top News