Brand’s Brain Study Camp ဖွင့်ပွဲအခမ်းအနားကျင်းပ

Mon, 2017-12-11 10:05 -- zaythu
Brand’s ကြက်ပေါင်းရည်က စီစဉ်ကျင်းပတဲ့လေးကြိမ်မြောက် Brand’s Brain Study Camp ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့က Grand Gadamar Ballroom မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
 
အဲ့ဒီ Brand’s Brain Study Camp ကိုတော့ ၂၀၁၄-၁၅ ပညာသင်နှစ်ကနေ စတင်ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
ဒီကနေ့ ဖွင့်ပွဲအခမ်းအနားကို Brand’s ကုန်အမှတ်တံဆိပ်ရဲ့Brand Ambassadorတွေဖြစ် တဲ့မတင်မိုးလွင်နဲ့ စိုင်းစိုင်းခမ်းလှိုင်တို့လည်းတက်ရောက်ခဲ့ပါတယ်။
 
Brand’s Brain Study Camp မှာ ပါဝင်မယ့် ကျောင်းသူ ၊ ကျောင်သားတွေကို မတင်မိုးလွင်ကခုလိုအားပေး စကားပြောခဲ့ပါတယ်။
 
Brand’s Brain Study Camp စတင်ကျင်းပခဲ့ချိန်က ကျောင်းသူကျောင်းသားဦးရေ ၇၅၂ ဦး တက်ရောက်ခဲ့တယ်လို့ သိရပြီး အခုနှစ် ၂၀၁၇-၁၈ စာသင်နှစ်မှာတော့ ကျောင်းသူကျောင်းသားဦးရေ ၂၁၂၇ ဦး ထိတက်ရောက်တယ်လို့သိရပါတယ်။
 
ကင်မရာ - ကျော်ဇင်ထွန်း
Monday, December 11, 2017