Samsung Quiz Show ရဲ့ ဆုပေးပွဲအခမ်းအနား

Mon, 2017-12-11 14:07 -- zaythu
ဒါကတော့ Samsung Quiz Show ရဲ့ ဆုရရှိသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အခုနှစ်ဇွန်လ ကစတင်ခဲ့ပြီး တိုင်းနဲ့ပြည်နယ် ၁၅ ခုက ကျောင်း ၃၃ ကျောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
 
သက်ဆိုင်ရာကျောင်းအလိုက်ဖွဲ့စည်းထားတဲ့ ကျောင်းသားကျောင်းသူတွေက အဖွဲ့လိုက်ပုံစံနဲ့ ယှဉ်ပြိုင်ခဲ့ကြရတာပါ။
 
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၀င်ယှဉ်ပြိုင်ခဲ့တဲ့ Samsung Quiz Show ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ အထက (၉) မော်လမြိုင်၊ အထက(၁) မြိတ်နဲ့ အထက (၁) ပဲခူး စတဲ့ကျောင်းတွေကယှဉ်ပြိုင်ခဲ့ကြရတာပါ။
 
ဒီ Quiz Show ကို သာမန်တီဗီပရိုဂရမ်အနေနဲ့ ပြုလုပ်ခဲ့တာမဟုတ်ဘဲ အခုအစီအစဉ်ကနေ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းစာမှာသာမက ပြင်ပဗဟုသုတပြည့်စုံမှုရှိတာကို ပြသချင်တာကြောင့် ပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
 
နောက်ဆုံးအဆင့်ကိုရောက်ရှိခဲ့တဲ့ ကျောင်းသုံးကျောင်းက ကျောင်းသားကျောင်းသူတွေကို ကိုရီးယားနိုင်ငံကို လေ့လာရေးခရီးစဉ် Samsung ကုမ္ပဏီက ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာလည်း လက်ရှိကျင်းပပြီးစီးခဲ့တဲ့ Samsung Quiz Show ရဲ့အားသာချက် အားနည်းခက်ျတွေကို ပြင်ဆင်ပြီးပြီုင်ပွဲတွေ ဆက်လက်ကျင်းပသွားနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
 
ကင်မရာ-ဖိုးအောင်
Monday, December 11, 2017