အမျိုးသမီးတွေ လိင်စိတ်လျော့နေရင် ဘာတွေလုပ်သင့်လဲ

Tue, 2017-12-12 08:39 -- zaythu
အိမ်ထောင်ရေးသာယာဖို့ လိင်မှုကိစ္စဟာ အင်မတန်အရေးကြီးတာပါ။
 
ပြီးပြည့်စုံတဲ့ လိင်ဆက်ဆံရေးဖြစ်ဖို့ကတော့ ဦးစွာ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ လိင်စိတ်နိုးကြွားနေဖို့ လိုပါတယ်။
အဲဒီလိုမျိုး ဆက်ဆံရေးကသာ နှစ်ဦးစလုံးကို စိတ်ကျေနပ်မှု ရစေတာပါ။
 
အမျိုးသားက လိင်စိတ် လျော့နည်းတာဖြစ်ဖြစ် အမျိုးသမီးက လိင်စိတ်နည်းပါးတာပဲဖြစ်ဖြစ် အိမ်ထောင်ရေးသာယာဖို့ အဖုအထစ်လေးတွေဖြစ်လာတတ်ပါတယ်။
 
တချို့ ဇနီးမောင်နှံတွေမှာတော့ ဇနီးဖြစ်သူက လိင်စိတ်လျော့ကျလာပြီး မောင်ခေါ် တိုင်း မယ်မလိုက်နိုင်တာတွေ ရှိလာ တတ်တာပါ။ အမျိုးသမီးတွေ ဘာကြောင့် လိင်စိတ်လျော့ကျလာရတာလဲ ၊ လိင်စိတ်လျော့ကျရင် ဘယ်သူနဲ့ တိုင်ပင်သင့်လဲ ၊ ဘာတွေလုပ်သင့်လဲနဲ့ ဘယ်လိုကုသမလဲ ဆိုတာ ဒီတပတ်မှာ ဒေါက်တာမြင့်ဦးက 7DAY TV ပရိသတ်ကြီး ကျန်းမာရေး ဗဟုသုတကြွယ်ဝစေဖို့ ခရေစေ့တွင်းကျ ပြောပြထားပါတယ်။
Monday, December 11, 2017