မနက်ခင်းသတင်းစာ

Tue, 2018-01-09 11:44 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားပြန်ရေလုပ်သားတွေ နစ်နာကြေးရဖို့ ဆန္ဒပြတဲ့သတင်း၊ ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရလို့ ထိုင်းအလုပ်သမားဝန်ကြီးရုံးကို သွားရောက်တိုင်ကြားတဲ့သတင်း၊ မြန်မာကြက်သွန်နီတွေ ဈေးတက်လို့ တရုတ်ကြက်သွန်နီတွေ ရောင်းအားကောင်းလာတဲ့သတင်း၊ ချန်ပီယံဘွဲ့အတွက် အောင်လအန်ဆန်ကို ဒီနှစ်ထဲမှာ စိန်ခေါ်မယ်လို့ ဘစ်တာလီဘစ်ဒက်ရှ် ကြုံးဝါးလိုက်တဲ့သတင်းတို့ဖြစ်ပါတယ်။
 
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
Monday, January 8, 2018