မနက်ခင်းသတင်းစာ

Wed, 2018-01-10 13:59 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ တင်ဒါခေါ်ယူမှုတွေနဲ့ ပက်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေးတဲ့သတင်း၊ ခြောက်လအတွင်း အမှန်သုံးစွဲနိုင်မယ့် အသုံးစရိတ်တွေကို အလေအလွင့်မရှိသုံးစွဲကြဖို့ သမ္မတပြောတဲ့သတင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားမြတိုက်မှုတစ်ခုမှာ နဝမတန်းကျောင်းသားတစ်ဦးသေဆုံးတဲ့သတင်း၊ ဝန်ကြီးချုပ်ဟောင်းယင်လတ် လန်ဒန်မြို့မှာ ရောက်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြိးက အတည်ပြုလိုက်တဲ့သတင်းတို့ဖြစ်ပါတယ်။
 
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
Wednesday, January 10, 2018