နှစ်သစ်မှာ လုပ်ဖော်ကိုင်ဖက်တွေပျော်ဖို့ ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ပြေတီဦး

Fri, 2018-01-12 11:31 -- zaythu
ပြည်သူ့အချစ်တော် အကယ်ဒမီပြေတီဦးက ရုပ်ရှင်ရိုက်ကူးရေးလုပ်နေရင်း သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် ဒီနှစ်သစ်မှာ ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်စက်အဖွဲ့သားတွေနဲ့ ဇာတ်ပို့သရုပ်ဆောင်အတွက် ကံစမ်းမဲဖောက်ပေးခဲ့တာပါ။
 
အကယ်ဒမီပြေတီဦး က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပျော်ရွှင်စေချင်တဲ့စိတ်နဲ့ ကံစမ်းမဲဖောက်ပေးခဲ့တာလို့ပြောပါတယ်။
ပထမဆုကို တစ်သိန်းခွဲအထိ ကံစမ်းမဲဖောက်ပေးခဲ့ပြီး ဆုမရရှိတဲ့သူတွေကိုလည်း တစ်ယောက်ကို တစ်သောင်းကျပ်ဆီ မုန့်ဖိုးပေးခဲ့တယ်လို့ သိရပါတယ်။
 
အကယ်ဒမီပြေတီဦးအနေနဲ့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရိုက်ကူးနေပြီး ဒါရိုက်တာ လူမင်းရိုက်ကူးတဲ့ ညစ်တွန်း ရုပ်ရှင်ကားကြီးမှာ ပါဝင်ထားတယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Friday, January 12, 2018