ဥပါယ်တံမျဉ် ဒီလထဲ ရုံတင်မယ်

Sun, 2018-01-14 12:07 -- zaythu
ရုံတင်မယ့်ရက်ကို စောင့်စားနေကြတဲ့ ဥပါယ်တံမျဉ်း ဇာတ်ကားကြီးကို ဒီလထဲမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
ဥပါယ်တံမျဉ်း ရုပ်ရှင်ကားဟာ မုဒြာခေါ်သံ ရုပ်ရှင်ရဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးထားတာဖြစ် ပြီး မုဒြာခေါ်သံရုပ်ရှင် ရုံမတင်မီ ကြည့်ရှုရမယ့် ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။
 
ဥပါယ်တံမျဉ်း ရုပ်ရှင်မှာ မျက်နှာသစ်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး ရုံမတင်မီကတည်းက ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ဒရာမာ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
 
ဥပါယ်တံမျဉ်း ရုပ်ရှင်ကို ဒီကနေ့ သာကေတမှာရှိတဲ့ Mega Age ရုပ်ရှင်ရုံမှာ အထူးပွဲပြသခဲ့ပြီး ဒီရုပ်ရှင်ကားမှာ ဇာတ်လမ်းနမူနာထက်ကျော်လွန်းပြီး ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေနဲ့အတူ ကောင်းမွန်တဲ့တင်ဆက်မှုတွေကြောင့် ပရိသတ်တွေအကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
 
ဥပါယ်တံမျဉ်း ရုပ်ရှင်ကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး သရုပ်ဆောင် ဇဏ်ခီ၊ အောင်မြင့်မြတ်၊ အကယ်ဒမီမင်းဦး ၊အကယ်ဒမီ သက်မွန်မြင့်၊ ထိုင်းမင်းသမီး Kaew Korravee ၊ ခြူးစစ်ဟန်နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Sunday, January 14, 2018

Top News