တစ်ကိုယ်တော်အခွေအတွက် စီစဉ်နေတဲ့ ဘီလီလမင်းအေး

Sun, 2018-01-14 12:35 -- zaythu
Myanmar Idol Season 2 ရဲ့ Voting ဒုတိယအများဆုံးရရှိခဲ့တဲ့ ဘီလီလမင်းအေးကတော့ သူ့ရဲ့တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
သူ့ကိုချစ်တဲ့ ပရိသတ်တွေကြောင့် အခွေစီစဉ်ခဲ့တာဖြစ်သလို သီချင်းတွေ ဆက်လက်သီဆိုသွားမယ်လို့ ဘီလီလမင်းအေးကပြောပါတယ်။
သူမရဲ့ ပထမဆုံးအခွေကို ပြိုင်ပွဲပြီးကတည်းက စတင်စီစဉ်ခဲ့တာဖြစ်ပြီး သူ့အတွက်အားရတဲ့ အခွေတစ်ခွေလို့ ဆိုထားပါတယ်။
ပြိုင်ပွဲရဲ့ အတွေ့အကြုံတွေနဲ့အတူ ဒီအခွေမှာ သီချင်းအမျိုးအစားအစုံကိုတွေ့ရမှာဖြစ်ပြီး အခွေနာမည်ကိုတော့ ပရိသတ်တွေကိုမပြောပြချင်သေးဘူးလို့ ဘီလီလမင်းအေးက ပြောပါတယ်။
သူမရဲ့အခွေအတွက် ပြီးစီးနေပြီဖြစ်သလို လာမယ့်လအနည်းငယ်အတွင်းမှာ ထွက်ရှိနိုင်မယ်လို့ ဆိုလာပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Sunday, January 14, 2018

Top News