YBS တစ်နှစ်ပြည့်ချိန် ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘာပြောလိုက်လဲ

Tue, 2018-01-16 17:04 -- zaythu

YBSစနစ်နဲ့ပြေးဆွဲမှု တစ်နှစ်အတွင်းမှာ ရည်ရွယ်ထားတဲ့ကိစ္စတော်တော်များများကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ၁၆ရက်မှာပြုလုပ်တဲ့ YBSပြေးဆွဲမှု တစ်နှစ်ပြည့်အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမူ အာဏာပိုင်အဖွဲ့ (YRTA) ရဲ့ ဥက္ကဌ တာဝန်လည်းယူထားသူ ဒေါ်နီလာကျော်က ပြောကြားခဲ့တာပါ။

YBSစနစ်က မအောင်မြင်စရာ မရှိဘူးလို့လည်း ဒေါ်နီလာကျော်ကပြောကြားခဲ့ပါတယ်။ လာမယ့် ဒုတိယနှစ်မှာလည်း ယာဉ်တွေ ရပ်နားဖို့ ကားဝန်းတွေ တည်ဆောက်ပေးတာ၊ YBSနဲ့ မီးရထား၊ YBSနဲ့ Water Busတို့ကိုလည်း ချိတ်ဆက်ဆောက်ရွက် သွားမယ်လို့ သိရပါတယ်။

ယခု၂၀၁၈ခုနှစ်အတွင်း YBSမှာ ကတ်စနစ်နဲ့ငွေပေးချေနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။ လက်ရှိ YBSပြေးဆွဲမှုစနစ်မှာ ယာဉ်လိုင်းပေါင်း၉၂လိုင်းက ယာဉ်အစီးရေ၅ထောင်ကျော်နဲ့ ပြေးဆွဲနေတာဖြစ်ပါတယ်။

Tuesday, January 16, 2018