ဖြူးငလျင်နောက်ဆက်တွဲအဖြစ် နှစ်လ သုံးလခန့်အတွင်း ငလျင်ငယ်တွေ ဆက်လှုပ်နိုင်ခြေရှိ

Wed, 2018-01-17 13:58 -- zaythu

ဖြူးငလျင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ နှစ်လ၊ သုံးလခန့်အထိ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်နိုင်ခြေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ငလျင် ကော်မတီ ဒုတိယ ဥက္ကဌ ဦးစောထွေးဇော်က ပြောပါတယ်။

ဖြူးငလျင်ရဲ့ ဗဟိုချက်ဟာ ပဲခူးရိုးမ အလယ်ကိုကျတဲ့အတွက် လူနေထူထပ်တဲ့ နေရာတွေမှာ ထိခိုက်မှု သက်သာသွားတာ ဖြစ်နိုင်တယ်လို့လဲ ဦးစောထွေးဇော်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လှုပ်ခဲ့တဲ့ ဖြူးငလျင် ဟာ ရစ်(ခ်)တာ စကေး ခြောက်အဆင့် ရှိခဲ့ပြီး အဲဒီနောက်မှာတော့အင်အားအနည်းငယ်ရှိတဲ့  နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လှုပ်ခဲ့ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံ ငလျင်ကော်မတီ အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ ပူးပေါင်းပြီး ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ရဲ့ နည်းပညာ ဆိုင်ရာ ကူညီပံ့ပိုးမှုနဲ့ မြို့ပြများရဲ့ ဘေးအန္တရာယ် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း မြှင့်တင်ခြင်းဆိုင်ရာ သုံးနှစ် စီမံကိန်းတခုကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကနေ စတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းဟာ ပြည်သူတွေကြား ငလျင်အန္တရာယ် ကာကွယ်ရေးအတွက် အသိပညာပေး ပြန့်ပွားအောင် ဆက်တိုက် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို သုတေသန လေ့လာခဲ့တယ်လို့ အဲ့ဒီပွဲကနေ သိရှိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Wednesday, January 17, 2018