ဖြိုးကိုကိုတင့်ဆန်းအမှု လာမယ့်ရုံးချိန်းမှာ တရားလိုပြသက်သေတွေကို စတင်ကြားနာတော့မယ်လက်နက်တွေနဲ့အတူ ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရှစ်ဦးအမှုကို လာမယ့် အပတ်ရုံးချိန်းက စပြီး စတင် စစ်ဆေးသွားမယ်လို့ သတင်းရရှိပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ တရားလိုပြ သက

Wed, 2018-01-17 19:13 -- zaythu
လက်နက်တွေနဲ့အတူ ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရှစ်ဦးအမှုကို လာမယ့် အပတ်ရုံးချိန်းက စပြီး စတင် စစ်ဆေးသွားမယ်လို့ သတင်းရရှိပါတယ်။
 
လာမယ့် ရုံးချိန်းမှာတော့ တရားလိုပြ သက်သေနှစ်ဦးကို ကြားနာမှုတွေပြုလုပ်မယ်လို့သိရပါတယ်။ ဒီကနေ့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေ တင်ခဲ့ကြတာပါ။
 
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အောက်တိုဘာ ၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါ နှစ်ဦးတို့ရဲ့ ခရီးဆောင်အိတ်အတွင်းက ပစ္စတို သေနတ်နှစ်လက် နဲ့  ကျည်ဆံတွေ၊မူးယစ်ဆေးဝါးတွေ ဖမ်းဆီရရှိခဲ့တာပါ။ ဒါအပြင် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့အဆောက်အအုံတွေကို ဆက်လက်ရှာဖွေရှာမှာတော့ လက်နက်တွေ၊ စကားပြောစက်တွေ၊ အဖွဲ့အစည်းတံဆပ်တွေ ထပ်မံတွေ့ရှိတာကြောင့် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ 
 
ဖြိုးကိုကိုတင့်ဆန်း အမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တရားခံ ၁၅ ဦးနဲ့ လက်နက် ၂၄ လက် ဖမ်းဆီးရမိပြီး အမှု ၁၇ မှုနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောထားပါတယ်။
 
ရုပ်သံသတင်းထောက် - မောင်သင်တုန်း 
Wednesday, January 17, 2018