ARSA အကြမ်းဖက်သမား ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်ကိုပေးပို့ထား

Thu, 2018-01-18 13:29 -- zaythu

ARSA အကြမ်းဖက်သမား ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ပေးပို့ထားတယ်လို့ မြန်မာအစိုးရက ထပ်မံ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဒီစာရင်းကို ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလထဲက စပြီး ပေးပို့ခဲ့တာလို့ သိရပြီး အခု ဇန်နဝါရီ ၁၅ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ တွေ့ဆုံမှုအတွင်း ထပ်မံပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ARSA အကြမ်းဖက်သမားတွေကို  ဥပဒေကြောင်း အရ အရေးယူဖို့  ပြန်လွှဲစေလိုတယ်လို့ မြန်မာဘက်က တောင်းဆိုခဲ့ကြောင်းလဲ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလအတွင်း နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံမယ့် အစီအစဉ်လဲရှိနေပြီး လုံခြုံရေးကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား သတိပေးထားကြပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Thursday, January 18, 2018

Top News