မိန်းကလေးပရိသတ်တွေအတွက် မိစန္ဒီရဲ့ သီချင်းအသစ်

Fri, 2018-01-19 13:53 -- zaythu

 မိန်းကလေးပရိသတ်တွေအတွက် မိစန္ဒီကိုယ်တိုင်ရေးထားတဲ့ အသည်းကွဲသီချင်းတစ်ပုဒ်ကို ပရိတ်သတ်တွေဆီ ချပြလိုက်ပါပြီ။
 
BRAINLESS (ဦးနှောက်မဲ့ငတုံး)လို့ နာမည်ပေးထားပြီး ယောင်္ကျားလေးတစ်ယောက်ရဲ့ အသည်းခွဲခြင်းကို ခံလိုက်ရတဲ့ မိန်းကလေးရဲ့ အပြင်းစားပေါက်ကွဲ သံစဉ်တွေကို သီချင်းရေးဖွဲ့ထားတာပါ။
 
သီချင်းထဲက စာသားတွေက ဖွဲ့နွဲ့တာမျိုးမရှိဘဲ တိုက်ရိုက်ဆန်နေaပေမယ့် ပရိသတ်တွေက သံစဉ်တွေကိုနှစ်သက်တဲ့အတွက် ဝမ်းသာမိတယ်လို့ မိစန္ဒီက ပြောပါတယ်။ မိစန္ဒီရဲ့ အောင်မြင်ခဲ့တဲ့ “ရေခဲရိုက်အပြုံး”၊ “ကျေးကျွန်”စတဲ့ သီချင်းတွေနဲ့ ပုံစံတူပြီး သီချင်းရေးပြီး တစ်နှစ်ခွဲကြာမှ ပရိသတ်တွေကို ချပြဖြစ်ခဲ့တာလို့ မိစန္ဒီက ဖွင့်ဟထားပါတယ်။
 
BRAINLESS(ဦးနှောက်မဲငတုံး) သီချင်းကို ဒီလ ၁၃ရက်နေ့မှာ အွန်လိုင်းပေါ်မှာတင်ပေးခဲ့ပြီး Myanmar Music Store မှာ ဝယ်ယူနားဆင်နိုင်ပြီ ဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Friday, January 19, 2018