ဦးကိုနီအမှုမှာအဖမ်းခံထားရတဲ့အောင်ဝင်းဇော်ကဘယ်သူတွေကိုတရားစွဲမယ်လို့ပြောလိုက်လဲ

Sat, 2018-01-20 10:57 -- zaythu
တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်တဲ့ အောင်ဝင်းဇော်က ဦးအောင်စိုးနဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ကို တရားစွဲသွားမယ် လို့ ဒီကနေ့ ရုံးထုတ်မှာပြောလိုက်ပါတယ်။
မီဒီယာတွေကို လေးစားတဲ့အကြောင်း သတင်းသမားတွေကို ထမင်းဝဝစားဆိုတာ ကို မပြောခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဒါအပြင် ဦးအောင်စိုး ရေးသားတယ်ဆိုတဲ့ အမှန်တရား ဘက်တော်သား ဆိုတဲ့ စာအုပ် နဲ့ပတ်သက်ပြီး အမှုဖွင့်မှာ ဖြစ်တယ်လို့လဲ တရားရုံးချိန်း အပြီးမှာ အောင်ဝင်းဇော်က ထပ်မံပြောကြားခဲ့ပါတယ်။
အောင်ဝင်းဇော်က တရားစွဲဆိုမယ့် ပုဒ်မ ၈ (စ) ဆိုတာဟာ နိုင်ငံသားများရဲ့ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြု၊ံမှုကို အကာအကွယ်ပေးရေးဥပဒေ ထဲက ပုဒ်မ တစ်ခုဖြစ်တယ်လို့ အောင်ဝင်းဇော်ရဲ့ ရှေ့နေဖြစ်သူ ဦးအောင်ခိုင်ကပြောပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေ တစ်ဦးကို စစ်ဆေးခဲ့ပြီး အခု စစ်ဆေးတဲ့ ရုံးချိန်းဟာ ၃၉ ကြိမ်မြောက် ရုံးချိန်း ဖြစ်လာပြီ ဖြစ်ပါတယ်။
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ အဖမ်းခံထားရတဲ့ သေနတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ဟာ အမှုရင်ဆိုင်နေရတာ ဖြစ်ပြီး အောင်ဝင်းခိုင်ကတော့ တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ
Friday, January 19, 2018