The Voice Myanmar ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတဲ့ နီနီခင်ဇော်

Tue, 2018-01-23 13:57 -- zaythu

မကြာခင်မှာ ထုတ်လွှင့်ပြသတော့မယ့် The Voice Myanmar အဆိုပြိုင်ပွဲကြီးမှာ Coach တစ်ယောက်အဖြစ်ပါဝင်မယ့် တေးသံရှင် နီနီခင်ဇော်ကတော့ ပြိုင်ပွဲ အတွက် စိတ်လှုပ်ရှားနေပါတယ်။

သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲမှာ နာမည်တစ်ခုရလာတာကြောင့် The Voice Myanmar ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်နေရသလို ခံစားမိတယ်လို့ နီနီခင်ဇော်က ဆိုလာပါတယ်။

The Voice Myanamr ပြိုင်ပွဲဟာ ကမ္ဘာအနှံ့ အကောင်းမွန်ဆုံးသော အသံပိုင်ရှင်တွေထွက်ပေါ်ရာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice ပြိုင်ပွဲကြီးကို အခြေခံပြီး မြန်မာနိုင်ငံမှာလည်း ပထမဆုံး The Voice Myanmar ပြိုင်ပွဲနာမည်နဲ့ မျိုးဆက်သစ်တေးသံရှင်တွေကို ဖော်ထုတ်တော့မှာပါ။

Coach အဖြစ် တေးသံရှင် ရန်ရန်ချမ်း၊ လင်းလင်း၊ ဟန်ထူးလွင်နဲ့ နီနီခင်ဇော်တို့က ပွဲစဉ်တစ်လျှောက် အကဲဖြတ်ရွေးချယ်မှာဖြစ်ပြီး ပျော်စရာကောင်းမယ့် ပြိုင်ပွဲတစ်ခုလို့ နီနီခင်ဇော်ကပြောပါတယ်။ The Voice Myanmar ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီ ၁၈ရက်နေ့ ညကိုးနာရီ MRTV – 4 ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Monday, January 22, 2018