အမွှာသမီးနှစ်ယောက်နာမည်နဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုလုပ်မယ့် လင်းလင်းနဲ့ချစ်သုဝေ

Tue, 2018-01-23 14:57 -- zaythu

အထောက်အပံ့ပေးနိုင်ဖို့ အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ရှိတယ်လို့ လင်းလင်းနဲ့ချစ်သုဝေက ဖွင့်ဟလာပါတယ်။

အသက်တစ်နှစ်ပြည့်ပြီဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကို ချစ်ကြတဲ့ပရိသတ်တွေနဲ့ ပိုမိုနီးစပ်မှုနဲ့ရှိနိုင်သလို သမီးလေးတွေ အတွက် မိဘနှစ်ပါးရဲ့ မွေးနေ့လက်ဆောင်တစ်ခုအဖြစ် စီစဉ်နေတာလို့ လင်းလင်းက ပြောပါတယ်။

အနာဂတ်ကလေးသူငယ်တွေအတွက် အထောက်အပံ့ဖြစ်စေမယ့် အစီအစဉ်တစ်ခုကို လက်ရှိမှာရေးဆွဲနေသလို ရေရှည်တည်တံ့ဖို့ အတွက်ကိုလည်း တိုင်ပင်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအစီအစဉ်ကို ဒီနှစ်ထဲမှာ အကောင်အထည်ဖော်သွားမယ်လို့ မိဘနှစ်ပါးလုံးက ဆိုလာပါတယ်။

ခေတ်နဲ့သစ်တို့အမွှာညီမနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ရက်နေ့က တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး အဲ့ဒီနေ့မှာလဲ ရန်ကင်း ကလေးဆေးရုံကြီးကို မွေးနေ့အလှူအဖြစ် သိန်း ၄၀ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, January 23, 2018