“တောင်တန်းတွေရဲ့အလွန်” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ သက်မွန်မြင့် လက်ခံမှာလား

Sat, 2018-02-10 17:34 -- zaythu

ချင်းပြည်နယ်ရဲ့ သဘာဝအလှတွေကို အနုစိပ်ရေးဖွဲ့ထားသလို ချင်းတိုင်းရင်းသားတွေရဲ့ စိတ်နေစိတ်ထားတွေ ကို ဝတ္ထုအဖြစ် ပြန်လည်ဖော်ကျူးထားတဲ့ “တောင်တန်းတွေရဲ့အလွန်ဝတ္ထု”ကို မကြာခင်မှာ ရုပ်ရှင်အဖြစ် မြင်တွေ့ရတော့မှာပါ။
လက်ရှိမှာ ဖန်တီးမယ့်သူ၊ ပါဝင်မယ့်သူတွေကို တရားဝင်မသိရသေးပေမယ့်လည်း ပရိသတ်တွေကတော့ ချင်းမလေး သက်မွန်မြင့်ကို ဒီဇာတ်ကားမှာ ပါဝင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒီဝတ္ထုကို ရေးဖွဲ့တဲ့ ဆရာမပုညခင်ကိုယ်တိုင်က သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ “သက်မွန်က မပါမဖြစ်” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို ပြောကြားထားတာတွေရှိပေမယ့်လည်း သက်မွန်မြင့်ကတော့ “တောင်တန်းတွေရဲ့ အလွန်” ဝတ္ထုကို ရိုက်ကူးဖို့ အတိအကျ လာရောက်ကမ်းလှမ်းတာတွေ မရှိသေးဘူးလို့ ဆိုလာပါတယ်။

ချင်းပြည်နယ်ရဲ့ သဘာဝရေမြေတွေ ထိန်းသိမ်းကြဖို့ကို အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ တွဲစပ်ရေးဖွဲ့ထားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တာကြောင့် သက်မွန်မြင့် အနေနဲ့ မိမိဆန္ဒတစ်ခုတည်းအရတော့ ပါဝင်သရုပ်ဆောင်ချင်တယ်လို့လည်း ပြောပါတယ်။

သက်မွန်မြင့် အားပေးကြတဲ့ ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားမှာ ပါဝင်ရမယ်လို့ အစွဲမထားစေချင်သလို လာရောက် ကမ်းလှမ်းခဲ့မယ် ဆိုရင်တော့ သူမရဲ့ပရိသတ်တွေ ၊ သူမရဲ့ချင်းပြည်နယ်ဒေသအတွက် ရိုက်ကူးဖြစ်မယ်လို့ ဖွင့်ဟလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Saturday, February 10, 2018